Skip to content

Myanmar Islamic Program သည် မြန်မာနိုင်ငံရဲ့ အကောင်းဆုံး အစ္စလာမ့် ဆော့ဖ်ဝဲလ်

သင်ဟာ ❝ အစ္စလာမ်ဘာသာဝင် (အီမာန်ရှင်) ❞ တစ်ယောက်ဆိုလျှင် ❝ Myanmar Islamic Program app ❞ ဟာ သင့်အတွက်ပါပဲ။ အင်တာနက်ရှိနေယုံဖြင့်နေရာဒေသမရွှေးလွယ်လင့်တကူ (အခမဲ့) ဖတ်နိုင်စေရန်၊ အသုံးပြုနိုင်စေရန် စသည့် ရည်ရွက်ချက်များစွာဖြင့် Zin Naung Naung Thet မှ ဖန်တီးလိုက်ခြင်းဖြစ်သည်။

ဘာတွေပါမလဲ

ပါဝင်တာတွေကို (အသေးစိတ်) ဖော်ပြပေးပါမည်။

  • ၁။ ကျမ်းတော်မြတ်ကုရ်အာန် မြန်မာဘာသာပြန် (စ/ဆုံး) အသံဖိုင်။
  • ၂။ ကျမ်းတော်မြတ်ကုရ်အာန် မြန်မာဘာသာပြန် (စ/ဆုံး) စာသား။
  • ၃။ ကျမ်းတော်မြတ်ကုရ်အာန် မြန်မာဘာသာပြန် (စ/ဆုံး) စာအုပ် ဗားရှင်း အမျိုးမျိုး။
  • ၄။ ကျမ်းတော်မြတ်ကုရ်အာန် အာရဗီ မူရင်း + မြန်မာအသံထွက် (စ/ဆုံး) စာအုပ်။
  • ၅။ ကျမ်းတော်မြတ်ကုရ်အာန် နှင့် ဆက်စပ်နေသော စာအုပ်များ။
  • ၆။ တမန်တော်မြတ် (ဆွ) နှင့်ဆက်စပ်နေသောစာအုပ်များ။
  • ၇။ တောင်းဆု​တော် ဒိုအာအမျိုးမျိုးသော စာအုပ်များ။
  • ၈။ ဆွလာသ်ဝတ်ပြုနည်းလမ်းညွှန်မှု စာအုပ်များ။
  • ၉။ အစ္စလာမ့် စာအုပ်များ (ကဏ္ဍအစုံ) ။
  • ၁၀။ မြန်မာနိုင်ငံအတွင်းရှိ မြို့အားလုံး အပြင် နိုင်ငံတကာ မြို့အားလုံးအတွက် (အာဇာန်အချိန်ဇယား) ၊ (ဝါပိတ် ဝါဖြေ) အချိန်ဇယား လည်းပါဝင် (နည်းပညာ) ။
  • ၁၁။ ဆွလာသ်ဝတ်ပြုရန်အတွက် ကေဗလာဟ် ရှာမရရင် ရှာလို့ရမည့် သံလိုက်အိမ်​မြှောင် (နည်းပညာ) ။
  • ၁၂။ သဇ်ဗိဟ်စိတ်ရင် မမှားအောင် နံပါတ်ရေတွက်ပေးမည့် (နည်းပညာ) ။
  • ၁၃။ အင်္ဂလိပ် ရက်စွဲ နှင့် ဟီဂျ်ရီပြက္ခဒိန် ကို တွဲကြည့်လို့ရမည့် ပြက္ခဒိန် (မြန်မာ၊ အာရဗီ ဘာသာစကား) နှစ်ခုဖြင့် (နည်းပညာ) ။
  • ၁၄။ သဂျ်ဝီးဒ်ကုရ်အာန်ကို နိုင်ငံတကာအဆင့်မှီ အတိုင်း သင်ကြားလိုသူတိုင်းအတွက် Video သင်ခန်းစာများဖြင့် သင်ယူလို့ရပါသည်။
  • ၁၅။ လမြတ်ရမဿွာန် ၏ သိသင့်သိထိုက်သော အကြောင်းအရာများနှင့် ည​မြတ်ကျင့်ကြံအားထုတ်လို့ရမည့် အမလ်များ (စာအုပ် နှင့် စာသား) ။
  • ၁၆။ တန်ခိုးတော်များနှင့်တွဲနေသာ ကုရ်အာန်ထဲသို့ဝင်ကြည့်နိုင်ရန် ဝင်ပေါက် ၁၁၁ ခု (စာအုပ် နှင့် အသံဖိုင်) ။
  • ၁၇။ အီမာန်ရှင်များအချင်းချင်း သာသနာရေးရာများကိုဆွေးနွေးတိုင်ပင်နိုင်သည့် Community Social တစ်ခု (နည်းပညာ) ။
  • ၁၈။ app ကိုဝင်လိုက်တိုင်း ကုရ်အာန်အာယသ်တော်တွေကို ကျပန်း စနစ်ဖြင့် ပြသပေးမှာဖြစ်ပြီး ကူးယူလို့ရ (နည်းပညာ) ။
  • ၁၉။ မိမိရဲ့အနားမှာရှိနေတဲ့ ဗလီဝတ်ပြုကျောင်းတော် များနှင့် ဟာလဟ်စားသောက်ဆိုင်များကိုရှာဖွေနိုင်တဲ့ (နည်းပညာ) ။
  • ၂၀။ နောက်ထက်နောက်ထက် ကဏ္ဍများနှင့်အတူ အလွန်တန်ဖိုးရှိသော စာအုပ်များကို နေ့စဥ်နှင့်အမျှ ထည့်သွင်းပေးနေပါတယ်။

ဒေါင်းလုဒ်ရယူရန်

သင်အသုံးပြုချင်တာရွှေးချယ်ပါ။

အသုံးပြုကြသူများ

173319+

အဆင့်သတ်မှတ်ကြသူများ

18344+